
Innocent Thing (2014)
=================
IMDb Rating - 6.1/10
ပုံမှန်ကိုရီးယားရုပ်ရှင်တစ်ကားကိုညွှန်းရင်
မင်းသားဘယ်သူ မင်းသမီးဘယ်သူဆိုတာက
စညွှန်းရမယ်ထင်တယ်။ Innocent Thingရဲ့
Lead Actorက Jang Hyukပါ။ Jang Hyuk
ရိုက်တဲ့ရုပ်ရှင်တွေဟာ အရမ်းလန်ပြန်နေတာမျိူး
တွေချည်း မဟုတ်ပေမယ့်လည်းမဆိုးတဲ့
ကားတွေပါပဲ။ You are my destinyတို့
Money Flowerတို့Work of Loveတို့လို
ပေါက်စီးရီးတွေနဲ့ လူသိများတယ်။
Lead Actress Jo Bo-Ahကတော့
လက်ရှိHotနေတဲ့ vampire diaries
Korean versionထဲကပါပဲ။
ဒီကားပြန်ဖြစ်တာသူ့ကြောင့်ဆိုရမယ်။
သူ့ကိုကြည့်ချင်တယ်ဆိုရင်တော့
ဒီကားထက်ပိုကောင်းတာဘာမှမရှိတော့ပါဘူး။
ဒီရုပ်ရှင်မှာ သူ့ဇာတ်ကောင်ဟာ ဆရာကိုကြိုက်နေတဲ့
ကျောင်းသူမလေးနေရာကပါ။ ဆရာလုပ်တဲ့
Jang Hyukကိုရဖို့ မရမက ဖျားရောင်းတာတွေကို
တလှေကြီးမြင်ရမှာပါပဲ။၁၆နှစ်အောက်တော့
မကြည့်သင့်ဘူးပေါ့ဗျာ။
ဇာတ်လမ်းအကျဉ်းကတော့
ရက်ဂီဘောသမားထွက်ဖြစ်တဲ့ ကင်ဂျန်ကီဟာ
ယောက္ခမအကူအညီနဲ့ ကျောင်းတစ်ကျောင်းမှာ
ကာယဆရာအဖြစ်အလုပ်၀င်လုပ်နေတယ်။
ကျောင်းဆရာဖြစ်ဖို့မသင့်တော်လောက်အောင်
ချောလွန်းတဲ့သူ့ရုပ်ကြောင့်တပြည့်မတွေအကုန်လုံးဟာ
သူ့ကိုအရူးအမူးဖြစ်နေကြတယ်။ သူ့တပြည့်မတွေထဲက
တစ်ယောက်ကတော့ မတူပါဘူး။ သူက ယောင်းအွန်။
ယောင်းအွန်က လိုချင်တာကို ရအောင်ယူတတ်တဲ့
သဘာ၀ရှိတဲ့ ကလေးမပါပဲ။ ဇနီးလည်းရှိ
ကလေးလည်းမွေးတော့မယ့် ဆရာကို
ရဖို့ ဆင်ကြံကြံဂေါ်ဇီလာကြံအထိကြံကုန်ပါတယ်။
ကင်ဂျန်ကီကလည်း ဒီညွတ်ကွင်းကနေ မရုန်းနိုင်ပါဘူး။
တပြည့်မလေးရယ် သူ့မိန်းမရယ် မွေးတော့မယ့်
ကလေးရယ်ကြားမှာ သူအကြပ်ရိုက်လာပါပြီ။
သူရဲ့မပြတ်သားတဲ့ဆုံးဖြတ်ချက်တွေရဲ့
နောက်ဆက်တွဲမှာ ဘာတွေဖြစ်မလဲတော့
ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ကြပါ။
ဒီရုပ်ရှင်ဟာ နာမည်ကျော် ဂျပန်ရုပ်ရှင်
My Rainy Day (2009)ကို တခြားအမြင်ကနေ
ရိုက်သွားတဲ့ပုံစံပါပဲ။ ဒွာရတွေကို မပြပေမဲ့လည်း
မေထုန်သံဝါသပြုခန်း အတော်ပါပါတယ်။
သတိချပ်ကြည့်ရှုကြပါကုန်။
Quality – 1080p
Duration - 1h 57min
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama, Thriller

1 Views

2010 · Drama · Adult · Thriller
1 views

2016 · Romance · Adult
5 views

2013 · Drama · Romance · Adult
3 views

2015 · Drama · Romance · Adult · History
7 views

2014 · Drama · Romance · Adult
2 views

2015 · Romance · Adult
5 views

2014 · Drama · Romance · Adult
4 views

2010 · Drama · Romance · Adult · Comedy
1 views