
မနေ့က ရုပ်ရှင်ကား တစ်ကားကြည့်တယ်။
The Handmaiden တဲ့...
IMDb မှာ rating 8.1 ရထားတဲ့ ဇာတ်ကား တစ်ခုပေါ့။
ကိုရီးယားနိုင်ငံရဲ့ ဗစ်တိုးရီးယားခေတ်
ဂျပန်ကိုလိုနီကာလကို အခြေပြုပြီး တည်ထားတဲ့ ဇာတ်လမ်းပဲ။
စာရေးဆရာမ Sarah Waters ရဲ့ Fingersmith ဆိုတဲ့
ဝတ္ထုကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်ကား။
ကိုရီးယားဒါရိုက်တာ Park Chan Wook က ရိုက်ထားပြီး
အဲ့ဒီဇာတ်ကားနဲ့ ဆုတွေအများကြီးရခဲ့ကြတယ်။
8.8 millions သုံးခဲ့ပြီး box office မှာတော့
38.6 millions လောက် ပြန်ရခဲ့တဲ့ ဇာတ်လမ်းပေါ့။
16+,18+,21+ အမျိုးမျိုး သတ်မှတ်ကြပေမယ့်
ကိုယ့်အတွက်တော့ 18+ လောက်ပါပဲ။
သိမ်မွေ့တယ်ပေါ့။
လူလိမ် မြို့စားမင်း Fujiwara ဟာ သိပ်ပြီးချမ်းသာတဲ့
မိဘမဲ့အမျိုးသမီးလေး Hideko ကို လက်ထပ်ယူဖို့ ကြိုးစားနေတယ်။
သူ့ကို လက်ထပ်ချင်လာအောင် သွေးဆောင်ဖျားယောင်းပေးဖို့
Sook Hee ဆိုတဲ့ ပစ္စည်းအတုလုပ်ကျွမ်းကျင်တဲ့
လူလိမ်မိသားစုက ကောင်မလေးကို
အိမ်ဖော်အဖြစ် Hideko အနားကို ပို့ခဲ့တယ်။
Hideko ဟာ ဂေးရှားမယ် တစ်ယောက်လို ပုံသွင်းခံထားရတဲ့သူ။
လိင်အာသီသတွေ တလှိုက်လှိုက်
တစ်လွှာချင်းပွင့်ထွက်လာဖို့ ဖျော်ဖြေပေးရတဲ့ Entertainer .. ။
တစ်ခုပဲ ... သူ ဘာကိုမှ ဖော်ချွတ်နေစရာ မလိုအပ်ဘဲ
ရှေးဟောင်းစာအုပ်တွေကို ဖတ်ပြရုံပဲ။
သူ့ကို ထိန်းချုပ်ထားခဲ့တာက သူ့ ဦးလေး။
သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ဖြူဖြူနွဲနွဲ့ Hideko ရဲ့အတွင်းစိတ်...
သူတကယ်ရော သူ့အပြင်ပုံပန်းသဏ္ဍာန်ကလေးလို သူ့စိတ်၊ သူ့နှလုံးသားက
လီလီပန်းပွင့်ကလေးနဲ့ တူရဲ့လား။
Sook Hee ကရော မြို့စားမင်းကို လက်ထပ်ချင်လာအောင်
တကယ်ပဲ သိမ်းသွင်းနိုင်ခဲ့ပါ့မလား။
ချစ်ခြင်းမေတ္တာနဲ့ လိင်စိတ်ဆိုတာ အမျိုးသားနဲ့ အမျိုးသမီးမှာပဲ
သီးသန့်ဖြစ်တည်နိုင်တာလား။
မိန်းကလေးချင်းရော ချစ်လို့မရဘူးလား။
သူတို့နှစ်ယောက်ကို ခွဲမယ့် Hideko ဦးလေးနဲ့ Fujiwara လက်ကရော
သူတို့ လွတ်ပါ့မလား။
အလိမ်အညာနဲ့ တည်ဆောက်ထားတဲ့၊ တည်ဆောက်တော့မယ့်
ဘဝထဲကနေ မာယာနဲ့ ဘယ်လိုပြန်ရုန်းထွက်မလဲ။
Lesbian ဇာတ်ဝင်ခန်းတွေ၊ Bdsm ဆန်ဆန် အခန်းတစ်ချို့နဲ့ စိတ်ဝင်စားစရာ
ကောင်းလောက်အောင် တည်ဆောက်ထားတဲ့
ဒီဇာတ်လမ်းဟာ IMDb rating 8.1 ရနေတာဟာ
အဆန်းတော့ မဟုတ်ဘူး။ မိန်းမမာယာဆိုတာ သွားရှုပ်လို့တော့ မရဘူးပဲ...
#ပြာ
#ကြည့်ဖြစ်သောရုပ်ရှင်များ
Review Credit : Myat Thet Chell
File Size - 1.5 gb
Quality - Bluray 1080p
Subtitle - burmese

1 Views

2010 · Drama · Adult · Thriller
1 views

2016 · Romance · Adult
9 views

2014 · Romance · Adult · Thriller
2 views

2013 · Drama · Romance · Adult
5 views

2015 · Drama · Romance · Adult · History
7 views

2014 · Drama · Romance · Adult
4 views

2015 · Romance · Adult
6 views

2014 · Drama · Romance · Adult
4 views