
Empire of Lust (2015)
********************
Uncut Version ဖြစ်ပြီး ဆင်ဆာဖြတ်ထားတဲ့ Scene တွေကို ပြန်ထည့်ပေးထားတာမလို့ BluRay Version ထဲမှာ Scene အစုံဆုံး Version ဖြစ်ပါတယ်။
Empire of Lust ဟာ softcore ကားလို့ပြောလို့ရတဲ့အထိ လိင်မှုခန်းတော်တော်များပြီး အင်္ဂါတွေကလွဲလို့ တော်တော်ကြီး သေချာကိုပြထားတာပါ။ သို့ပေမဲ့လည်း ဒီရုပ်ရှင်ဟာ သာမန် 18+ကားသက်သက်ဆိုတာထက်တော့ အများကြီးပိုပါတယ်။ castတွေကတော့ တော်လည်းတော် နာမည်လည်းကြီးတဲ့ သူတွေပါ။ ဒီရုပ်ရှင်ရဲ့ကောင်းကွက်ထဲ castတွေ သရုပ်ဆောင်ကောင်းတာကလည်း အဓိကပါပဲ။
Shin Ha-kyun - သူ့ကိုတော့ တောင်ကိုရီးယားက ထိပ်ဆုံးဆရာတွေထဲက တစ်ပါးဖြစ်တဲ့ ပတ်ချန်းဝုရဲ့ ရုပ်ရှင်အများစုမှာ လူအများစုရင်းနှီးပြီးသားဖြစ်မှာပါ။ ဆောင်းကန်ဟိုတို့ အီဗြောင်ဟွန်းတို့လို လူတွေနဲ့ ရင်ဘောင်တန်းသရုပ်ဆောင်နိုင်လောက်အောင် သရုပ်ဆောင်ကောင်းတဲ့သူပါပဲ။ စီးရီးအနေနဲ့ဆိုလည်း မနှစ်က သူရိုက်ထားတဲ့ beyond evilဟာ တစ်ပြိုင်တည်းထွက်တဲ့ တော်တော်ရေးပန်းစားတဲ့ mouseထက်တောင် သရုပ်ဆောင်ရော တင်ဆက်ပုံရော ပိုအဆင့်မြင့်တဲ့ တော်တော်ရှားရှားပါးပါးမြင်ရခဲ့တဲ့ အဆုံးထိသေသပ်နေတဲ့ ကိုရီးယားမှုခင်းဇာတ်လမ်းတွဲပါပဲ။
Jang Hyuk - သူ့ကိုလည်း ကိုရီးယား မှုခင်းကားဇာတ်လမ်းတွဲတွေ ရုပ်ရှင်ပရိသတ်တွေ တော်တော်ကိုမှ ရင်းနှီးပြီးသားပါပဲ။ ဒီရုပ်ရှင်မှာ သူက ကိုရီးယားရဲ့ ရုပ်ရှင်အရိုက်ခံရဆုံး မင်းသားလို့ပြောရမလားမသိတဲ့ အီဘန်းဝန်နေရာက သရုပ်ဆောင်ထားတာပါ။ ပုဂ္ဂလိကအမြင်အရတော့ အီဘန်းဝန်လို ဇာတ်ကောင်မျိုးနဲ့ သူကအတော်လိုက်ပါတယ်။ My Country: The New Ageမှာလည်း အီဘန်းဝန်နေရာကပဲ သရုပ်ဆောင်ဖူးပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကကောင်းကွက်ထဲ သူနဲ့ Shin Ha-kyunသရုပ်ဆောင်ကောင်းတာက အဓိကအချက်ပါပဲ။
Kang Ha-neul - ဒီကားထွက်တုန်းကတော့ သူနာမည်ဒီလောက်မကြီးသေးပါဘူး။ အရင်နှစ်တွေက When the Camellia Bloomsနဲ့ ဆုတွေဘာတွေရခဲ့သလို ဒီနှစ်လည်း သူပါတဲ့ infernal affairs ကိုရီးယားမူပြောလို့ရတဲ့ insiderကလည်း သူ့ဟာနဲ့သူ တော်တော်လေးကောင်းတဲ့ဇာတ်ပါပဲ။ သူ့သရုပ်ဆောင်စကေးကလည်း နောက်ပိုင်းတက်လာသလို ဒီကားမှာတင်တော်တော်ကောင်းနေပါပြီ။ အပေါ်က ဘဲကြီး၂ပွေနောက်က အမီလိုက်နိုင်ခဲ့ပါတယ်။
Kang Han-na - start-upနဲ့ တစ်နှစ်ကမှ စပေါက်လာတယ်ပြောရမယ်ထင်တယ်။ Moon Loversမှာ လည်းပါတော့ပါဖူးပေမဲ့ ဗီလိန်ဆိုတော့ သိပ်အချစ်ခံရမယ်မထင်ဘူး။ ဒီကားရိုက်ပြီးမှ Moon Loversရိုက်တာဆိုတော့ ဒီကားက သူနာမည်လုံးဝမရှိသေးတဲ့အချိန်က ကားပါပဲ။ ဒါကြောင့်မို့လည်း ဆောင်းဂျီဟိုတို့ ဟာဂျီဝန်တို့ငယ်ငယ်ကကားတွေထက်တောင် sex sceneတွေ ပိုကြမ်းနေတာဖြစ်ပါလိမ့်မယ်။ ဒီကားရိုက်တုန်းက နာမည်မရှိသေးပေမဲ့ သူလည်း သရုပ်ဆောင်ကောင်းပါတယ်။ တော်တော်လည်းလှပါတယ်။ ဒီကားကထွက်တာကြာပြီဆိုတော့ တော်တော်များများလည်းကြည့်ဖူးမှာပါ။ ဒီရုပ်ရှင်ထဲက သူ့အလှတရားတွေကြည့်ဖူးတဲ့သူတွေသိကြမှာပါ။
Empire of Lustဟာ ဂျိုဆွန်းတည်ထောင်ပြီး ခုနှစ်နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပြီး ကိုရီးယားသမိုင်းရဲ့ နာမည်ကျော် အီဘန်းဝန်ရဲ့ သမိုင်းကို ပုံစံသစ်တစ်မျိုးနဲ့ ချဉ်းကပ်ပြသထားတဲ့ကားဆိုလည်းမမှားပါဘူး။ ဒီလိုပြသပုံကို လူတစ်ချို့က အမြင်သစ်တယ် ချီးကျူးခဲ့ကြသလို နာမည်နဲ့လိုက်အောင်ပဲ lustအပြည့်နဲ့ တော်တော်ကြည့်ကောင်းတဲ့ကားပါပဲ။ softcore ဆန်ဆန်ကားဆိုတော့ ဇာတ်အိမ်ကတော့ အသေကြီးကောင်းပါတယ်ဆိုတဲ့ အနေအထားတော့မရောက်ပေမဲ့ အပေါ်မှာပြောခဲ့တဲ့ ဆရာကြီးတွေရဲ့သရုပ်ဆောင်ကောင်းတာနဲ့ သူ့ဟာနဲ့သူကောင်းနေတဲ့ဇာတ်အိမ်ရယ်ပေါင်းလိုက်တဲ့အခါမှာတော့ ဒီရုပ်ရှင်ဟာ သူ့လိုင်းမှာတော့ တော်တော်လေးကောင်းးတဲ့ ရုပ်ရှင်လို့ပြောလို့ရတဲ့ ရုပ်ရှင်လို့ပြောရင် မမှားပါဘူး။
File size…(2.2 GB)
Quality…BluRay (Uncut Version Scene Plus) 1080p
Format…mp4
Duration….02:04:36
Subtitle….Myanmar Subtitle (Hardsub)

7 Views

2010 · Drama · Adult · Thriller
1 views

2016 · Romance · Adult
6 views

2014 · Romance · Adult · Thriller
1 views

2013 · Drama · Romance · Adult
3 views

2014 · Drama · Romance · Adult
2 views

2015 · Romance · Adult
5 views

2014 · Drama · Romance · Adult
4 views

2010 · Drama · Romance · Adult · Comedy
1 views