
Chloe (2010)
Darkvibe ပရိသတ်တွေအတွက် ဒီတစ်ခါ ညွှန်းပေးချင်တာကတော့ လှည့်စားမှု၊ တပ်မက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်မှုတွေကို အကောင်းဆုံး ရိုက်ကူးပြထားတဲ့ ၂၀၀၉ ခုနှစ်ထွက် Erotic Psychological Thriller ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း:
Catherine ဟာ အောင်မြင်တဲ့ ဆရာဝန်မတစ်ယောက်ဖြစ်ပြီး သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမယ့် ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေတယ်လို့ သံသယဝင်လာတဲ့အခါမှာတော့ အမှန်တရားကိုသိရဖို့အတွက် Chloe လို့ခေါ်တဲ့ အလွန်လှပပြီး ဆွဲဆောင်မှုရှိတဲ့ အဆင့်မြင့် Escort ကောင်မလေးတစ်ယောက်ကို ငှားရမ်းကာ သူမခင်ပွန်းကို မြူဆွယ်စမ်းသပ်ဖို့ စေခိုင်းလိုက်ပါတယ်။
ရည်ရွယ်ချက်က ခင်ပွန်းဖြစ်သူ သစ္စာဖောက် မဖောက် သိချင်ရုံသက်သက်ပါ။ ဒါပေမယ့် Chloe ဟာ ခင်ပွန်းဖြစ်သူနဲ့ ဘယ်လိုတွေ သာယာခဲ့တယ်ဆိုတာကို Catherine ဆီ အသေးစိတ် လာရောက်ပြောပြတဲ့အခါ... အဲ့ဒီစကားတွေကတစ်ဆင့် Catherine တစ်ယောက် သူမရဲ့ဖုံးကွယ်ထားတဲ့ ရမ္မက်စိတ်တွေ နိုးကြားလာပြီး Chloe ရဲ့ ညှို့ဓာတ်အောက်မှာ ကိုယ်တိုင်ပါ မရုန်းထွက်နိုင်လောက်အောင် နစ်မွန်းသွားပါတော့တယ်။
ဒီကားက သာမန် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းမျိုး မဟုတ်ဘဲ လူ့စိတ်ရဲ့ နက်နဲတဲ့ စွဲလမ်းမှု (Obsession) ကို အသားပေး ရိုက်ပြထားတာပါ။ မင်းသမီး Amanda Seyfried ရဲ့ အမိုက်စား ညှို့ဓာတ်တွေ၊ ထင်မှတ်မထားတဲ့ ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့အတူ ဘယ်သူက ကြိုးကိုင်နေတာလဲ၊ ဘယ်သူက အသုံးချခံနေရတာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ကားကောင်းတစ်ကား ဖြစ်ပါတယ်။
File Size : (2.14 GB)
Quality : Blu-Ray 1080p
Format…mp4
Duration…01:36:00
Genre : Romance , Drama , Mystery
| Provider | Resolution | ||
|---|---|---|---|
| 1080p | 2.14 GB |
0 views