
ဒီဇာတ်ကားမှာ ဝတ်လစ်စလစ် ဇာတ်ဝင်ခန်းတချို့ ပါဝင်တာကြောင့် မိသားစုနဲ့အတူ မကြည့်သင့်ဘဲ လူကြီးမင်းတို့ချည်းသာ သီးသန့်ကြည့်ရှုဖို့ ကြိုတင် အသိပေးအပ်ပါတယ်။
🎬 Bloody Tennis (2026)
🎾 "ကမ္ဘာ့နံပါတ်တစ် ဖြစ်ချင်တဲ့ ရည်မှန်းချက်အတွက် သူငယ်ချင်း၊ ချစ်သူနဲ့ ကိုယ်ကျင့်တရားတွေကိုပါ စတေးဖို့ ဝန်မလေးတော့တဲ့အခါ..."
အားကစား (Sports) ကို ဟော်ရာ (Horror) အမျိုးအစားနဲ့ ဆန်းသစ်စွာ ပေါင်းစပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား "Bloody Tennis (2026)" ကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းကတော့ ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမားဖြစ်လာဖို့ ရည်မှန်းချက်ကြီးမားတဲ့ အမေရိကန်မိန်းကလေး ဆိုဖီဟာ စပိန်ကျေးလက်ဒေသမှာရှိတဲ့ နာမည်ကျော် တင်းနစ်အကယ်ဒမီတစ်ခုဆီ ရောက်ရှိလာခဲ့ရာကနေ စတင်ပါတယ်။ အဲဒီအကယ်ဒမီကို မေရီတိုင်ရုန်းနဲ့ စတက်ဗ်စကိုဆိုတဲ့ သဘောထားတင်းမာခက်ထန်တဲ့ နှစ်ယောက်က ဦးဆောင်နေပြီး ထိပ်တန်းကစားသမားတွေဖြစ်အောင် ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးလေ့ရှိပါတယ်။
ဒါပေမဲ့ အကယ်ဒမီရဲ့ လေ့ကျင့်မှုတွေဟာ ပြင်းထန်ဆိုးရွားလွန်းရုံတင်မကဘဲ စက်ဆုပ်ဖွယ်ရာ အငွေ့အသက်တွေကိုပါ ဆိုဖီတစ်ယောက် ခံစားလာမိပါတယ်။ ကျောင်းသူခြောက်ယောက်အကြား ကြီးမားတဲ့ ဆုလာဘ်ရမယ့် ပြိုင်ပွဲတစ်ခု စတင်ချိန်မှာတော့ ဆိုဖီတစ်ယောက် သူမလိုချင်တာကိုရဖို့ သူငယ်ချင်းသံယောဇဉ်၊ ချစ်သူနဲ့ မိမိရဲ့ လူ့ကျင့်ဝတ်တွေကိုပါ စတေးလဲလှယ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
လှပဆန်းပြားသလို တစ်ပြိုင်နက်တည်းမှာ စက်ဆုပ်စရာရိုက်ချက်တွေနဲ့ ပရိသတ်ကို စိတ်မသက်မသာဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိတဲ့အပြင်၊ ခေါင်းဆောင်မင်းသမီးရဲ့ ဇာတ်လမ်းကို သယ်ဆောင်သွားနိုင်စွမ်းကလည်း အတော်လေး ချီးကျူးစရာကောင်းတာမို့ ထူးထူးခြားခြား Horror ကားလေးတွေကို ရှာဖွေနေသူတွေအတွက် အထူးညွှန်းဆိုပေးလိုက်ပါတယ်။
| Provider | Resolution | ||
|---|---|---|---|
| 720p | 700 MB |