
The Other People (2026)
Horror ပရိသတ်တွေ အကြိုက်တွေ့စေမယ့် စိတ္တဇသည်းထိတ်ရင်ဖို ရုပ်ရှင်ကားကောင်း "The Other People (2026)" ကို Bioscope ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ပရိသတ်ကို ဆွဲခေါ်သွားနိုင်လို့ ရုပ်ရှင်ပွဲတော်တွေမှာပါ ဆုတွေရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းက Rachel ဆိုတဲ့ မိထွေးဖြစ်သူဟာ သူ့လင်ပါ သမီးလေး Abby နဲ့အတူ အိမ်အသစ်လေးမှာ ဘဝသစ်တစ်ခု တည်ဆောက်ဖို့ ကြိုးစားရင်း အမှောင်ထုထဲက လျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင်ရပုံကို ရိုက်ကူးထားတာပါ။ သမီးလေး Abby က သူတို့အိမ်ရဲ့ အမှောင်ထောင့်တွေနဲ့ လူမသိတဲ့ နေရာတွေမှာ ပုန်းအောင်းနေထိုင်တဲ့ အဲရစ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီးနောက်ပိုင်း အိမ်ထဲမှာ ကြောက်စရာကောင်းတဲ့ ကိစ္စတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတော့တယ်။
ဇာတ်ရှိန်တက်လာတာနဲ့အမျှ တဖြည်းဖြည်း ခြောက်ခြားဖို့ကောင်းလာပြီး အမှောင်ထဲက လူမသိတဲ့ “အခြားလူတွေ” က တကယ်ပဲ ဘယ်သူတွေလဲ၊ ဘာတွေဖြစ်လာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပါ။ ခြောက်ခြားစရာ အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတာမို့ Horror နဲ့ Psychological Thriller ကားတွေကို နှစ်သက်သူတွေ လုံးဝ လက်မလွတ်တမ်း ကြည့်ရှုဖို့ အထူးညွှန်းဆိုပေးလိုက်ပါတယ်။
| Provider | Resolution | ||
|---|---|---|---|
| 720p | 714 MB |