
ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် 2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Heartless City ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Hospital Playlist, Pro Bono တို့ထဲက မင်းသား Jung Kyung Ho, Children of Nobody ထဲက မင်းသမီး Nam Gyu Ri, Weightlifting Fairy Kim Bok Joo ထဲက မင်းသား Lee Jae Yoon တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး တခြားဝါရင့်သရုပ်ဆောင်များစွာလည်း ပါဝင်ထားတဲ့ Crime, Action, Noir, Romance အမျိုးအစား ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။
-ဇာတ်လမ်းအကျဉ်း-
မူးယစ်ဆေးဝါးလောကမှာ “ပါမောက္ခသား” ဆိုတဲ့ နာမည်ပြောင်နဲ့ နာမည်ကြီးနေတဲ့ ရှီဟျွန်းဟာ အပြင်ပန်းမှာတော့ အေးအေးဆေးဆေးနဲ့ ဘယ်သူ့ကိုမှ အလွယ်တကူ မယုံကြည်တတ်တဲ့ လူတစ်ယောက်ပါ။
တစ်ဖက်မှာလည်း လျှို့ဝှက်ရဲတစ်ယောက် သေဆုံးမှုနောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ ရဲအရာရှိ ဆူမင်းတစ်ယောက် မူးယစ်ဆေးဝါးလောကထဲကို လျှို့ဝှက်စွာ ဝင်ရောက်စုံစမ်းရင်း ရှီဟျွန်းနဲ့တွေ့ပြီး ဇာတ်လမ်းလေးတွေ ဖြစ်လာတဲ့အခါ....
ဒါပေမဲ့ ဆူမင်း မသိသေးတာကတော့ သူမ လိုက်လံစုံစမ်းနေတဲ့ မူးယစ်ဆေးဝါးလောကရဲ့ အဓိကလူတစ်ယောက်ဟာ သူမချစ်မိနေတဲ့ ရှီဟျွန်းဖြစ်နေတာပါပဲ။
အချစ်နဲ့ တာဝန်ကြားမှာ ဘယ်လိုရွေးချယ်ကြမလဲ...
ယုံကြည်ထားတဲ့သူတွေထဲမှာ ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ရန်သူဆိုတာ မသိနိုင်တဲ့ အခြေအနေတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ…
လျှို့ဝှက်ချက်တွေနဲ့ သစ္စာဖောက်မှုတွေ၊ အချစ်နဲ့ အားပြိုင်မှုတွေ ရောယှက်ထားတဲ့ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးမို့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။
Aired: May 27, 2013 - Jul 30, 2013
Aired On: Monday, Tuesday
Genres: Action, Crime, Drama, Romance, Thriller
Episodes: 20
Original Network: jTBC

| Provider | Resolution | ||
|---|---|---|---|
| 720p | EP1 | 800 Mb | |
| 720p | EP2 | 820 Mb |
0 views