
18+ အခန်းအချို့ပါဝင်၍ မိသားစုနှင့်
အသက်မပြည့်သေးသော သူများ အတူကြည့်ရှုရန်မသင့်တော်ပါ)
အခုတစ်ခါမှာတော့ 2012 ခုနှစ်က ထွက်ရှိခဲ့တဲ့ erotic thriller အမျိုးအစား
ကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဂျူယောင်းဂျာ က ကိုရီးယားနိုင်ငံရဲ့ချမ်းသာကြွယ်ဝတဲ့မိသားစုတွေထဲက
တစ်ခုဖြစ်တဲ့ ယွန်း မိသားစုရဲ့အတွင်းရေးမှူးပါ။
ဥက္ကဌ ကြီးယွန်း ဟာ မိသားစုလုပ်ငန်းတွေရဲ့ အကြီးအကဲဖြစ်ပေမယ့်လည်း
ဇနီး နဲ့ အရင်ကဥက္ကဌဖြစ်ခဲ့တဲ့ သူ့ယောက္ခမရဲ့ ထိန်းချုပ်မှုခံနေရသူပါ။
သူတို့မှာ အိမ်ထောင်ကွဲထားတဲ့ သမီးဖြစ်သူ နာမီ နဲ့ သားဖြစ်သူ ချားရယ် တို့ရှိကြပါတယ်။
ဇနီး ဖြစ်သူ နဲ့ မိသားစုရေးရာ ကိစ္စတွေကိုငြီးငွေ့နေတဲ့ ဥက္ကဌကြီးဟာ
ဖိလစ်ပိုင်သူ အိမ်စေမလေး အယ်ဗာ နဲ့ ဇာတ်လမ်းတွေရှိလာပါတယ်။
ဒါကို ယွန်းကတော် သိရှိသွားတဲ့အခါ ဒေါသတကြီး တုန့်ပြန်ပါတော့တယ်။
တစ်ဖက်မှာလည်း ချားရယ် ဟာ လုပ်ငန်းကိစ္စ
အရှုပ်တော်ပုံတွေကြောင့် ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။
ယွန်းကတော် က သားဖြစ်သူ ပြန်လွတ်အောင် ဘယ်လိုလုပ်ဆောင်မလဲ
ခင်ပွန်းဖြစ်သူကို ဘယ်လိုလက်စားချေမလဲ
ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ကြရမှာပါ။
ဒီဇာတ်ကားဟာ 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့
The Housemaid ရဲ့ အဆက်အနေနဲ့ ရိုက်ကူးထားတာပါ။
The Housemaid ထဲမှာတော့ ယွန်းမိသားစုရဲ့ ငယ်ဘဝ နဲ့
အိမ်တွင်းရေးအရှုပ်တော်ပုံတွေကို အဓိကထားပြီးဖော်ပြခဲ့ပါတယ်။
ဇာတ်ကား နှစ်ခုလုံးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာက တစ်ဦးတည်းဖြစ်ပြီး
ဒီရုပ်ရှင်တွေဟာ တခြားသူတွေမသိတဲ့ ကိုရီးယားနိုင်ငံရဲ့
တကယ့်လက်တွေ့ဘဝကို ထင်ဟပ်ပြထားပါတယ်လို့ အခိုင်အမာဆိုထားပါတယ်။
ဒါကြောင့်လည်းဝေဖန်မှုတွေခံခဲ့ရပြီး Cannes ရုပ်ရှင်ပွဲတော်
မှာပြသခဲ့ပေမယ့်လည်း ချီးကျူးမခံခဲ့ရပါဘူး။
IMDb 5.7 ရရှိထားပြီး ကိုရီးယားနိုင်ငံရဲ့ထိပ်တန်း
သရုပ်ဆောင်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။
တစ်ချို့အခန်းလေးတွေကတော့ အမြင်မတင့်တယ်
တဲ့အတွက် မိသားစု နဲ့အတူကြည့်ရှုရန်မသင့်တော်ပါ။
File size… 1.3 GB
Quality… BluRay 1080p
Format… mp4
Duration…. 1h 55m
Genre ..... Drama/Thriller
Subtitle…. Myanmar Subtitle (Hard Sub)

11 Views

2014 · Drama · Romance · Adult · Comedy

2013 · Drama · Romance · Adult · Mystery

2019 · Romance · Adult

2003 · Drama · Crime · Adult

2018 · Romance · Adult

2019 · Romance · Adult

2019 · Drama · Romance · Adult

2015 · Drama · Adult

2017 · Romance · Adult

2020 · Drama · Romance · Adult

2020 · Drama · Romance · Adult

2020 · Romance · Adult