
ရိုဝမ်နာရာမိုစ်ဟာ ဂုဏ်သတင်းကြီးနိုင်ငံကျော် အိမ်ထောင်ရေးရှေ့နေတစ်ဦးဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာရော လူမှုရေးအသိုင်းအဝိုင်းမှာပါ ရိုသေလေးစားခံရပေမယ့် သူ့အိမ်တွင်းမှာတော့ ခင်ပွန်းသည်ကခပ်ခွာခွာဆက်ဆံသလို တစ်ဦးတည်းသောသားဖြစ်သူ ချားစ်ကလဲ ခပ်တန်းတန်း ဖြစ်နေပါတယ်။ ဒီထက်ပိုဆိုးတာက သူ့ခင်ပွန်းသည်ပန်းချီဆရာဟာ လတ်တလော စတူဒီယိုထဲမှာပဲနေထိုင်ရင်း ပန်းချီပြပွဲတစ်ခုအတွက် အသည်းအသန်ကြိုးစားနေတာဖြစ်ပြီး အဲ့ဒီပန်းချီပြပွဲရဲ့အဓိကအကြောင်းအရာကလဲ ကိုယ်လုံးတီးအမျိုးသမီးတွေဖြစ်တဲ့အတွက် ကိုယ်ဟန်ပြမယ် ငယ်ငယ်လှလှလေးတွေနဲ့နှစ်ဦးတည်းလွှတ်ထားရတဲ့အခြေအနေပါ။
အသက်အရွယ်နဲ့မလိုက်အောင်လှပအရွယ်တင်တဲ့အတွက်ပတ်ဝန်းကျင်ကအံ့သြချီးကျူးကြပေမယ့် ခင်ပွန်းသည်ရဲ့ လျစ်လျူရှုမှုတွေအောက်မှာ အကြိမ်ကြိမ်ရှုံးနိမ်ခဲ့ရာကနေ စိတ္တဇဖြစ်လာခဲ့တဲ့ ရာမိုစ်ဟာ သူရဲ့အမှုသည်တစ်ယောက်ကတစ်ဆင့် သိခဲ့ရတဲ့ ကြေးကြီးဇိမ်မယ်တစ်ယောက်ကို စိတ်ဝင်စားမိခဲ့ပြီးတဲ့နောက် ဘယ်သူမှမတွေးမိလောက်တဲ့အကြံအစည်ကြီးတစ်ခုကိုစိတ်ကူးရသွားပါတော့တယ်။ အဲ့ဒါကတော့ အဲ့ဒီကြေးကြီးဇိမ်မယ်လေးကို သူကိုယ်တိုင်ငှားပြီး သူ့ယောက်ျား တကယ်ဖောက်ပြန်နေတာဟုတ်မဟုတ်ကိုသိရအောင် မြူဆွယ်ဖြားယောင်းခိုင်းဖို့ပါပဲ။
တကယ်တမ်း အဲ့ဒီမိန်းကလေးစိတ်ဝင်စားနေတဲ့သူဟာ သူ့ခင်ပွန်းမဟုတ်ပဲ သူ့ကိုဖြစ်နေခဲ့ပြီး သူ့အတွက် ခင်ပွန်းသည်နဲ့သားတို့ကို အန္တရာယ်ပေးဖို့အထိကြံစည်လာချိန်မှာတော့...။
ဇာတ်လမ်းတည်ဆောက်ပုံအရ 2009 ခုနှစ်ကထွက်ခဲ့ပြီး Commercial success ဖြစ်ခဲ့တဲ့ Liam Neeson, Julianne Moore နဲ့ Amanda Seyfried တို့ရဲ့ ''Chloe'' နဲ့အတော်တူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ''Chloe'' Remake လို့သဘောထားပြီးကြည့်ရင်လဲ မင်းသမီးတွေရဲ့အလှအပနဲ့တင်ကြည့်ရတန်တဲ့ဇာတ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)
Size - 1.4GB, 510MB
Quality - 1080p, 720p
Format - mp4
Duration - 1H 36Min
Genre - Drama
Subtitle - Myanmar Subtitle (Hardsub)
Translated by Alias
Encoded by RGB

0 Views

2017 · Drama · Romance · Thriller · Horror

2023 · Drama

2023 · Romance · Adult

2023 · Drama · Adult

2021 · Adult · Thriller

2024 · Action · Drama · Romance · Adult

2024 · Adult

2025 · Adult

2021 · Adult

2023 · Adult

2019 · Drama · Romance

2023 · Adult